Show download pdf controls
  • သင်၏ အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းကို မည်သို့တင်သွင်းမည်နည်း

    သင့်အနေဖြင့် myTax ကို အသုံးပြု၍ အွန်လိုင်းတစ်ဆင့်၊ မှတ်ပုံတင်ထားသော အခွန်ကိုယ်စားလှယ်မှတစ်ဆင့် သို့မဟုတ် အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းစာရွက်တစ်ခုကို ဖြည့်စွက်၍ တင်သွင်းနိုင်ပါသည်။ သင်၏ အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းသည် ဇူလိုင်လ 1 ရက်နေ့မှ ဇွန်လ 30 ရက်နေ့အထိ တစ်နှစ်တာဝင်ငွေ အကျုံးဝင်သည်။ အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းတစ်ခု ဖြည့်စွက်ရန် လိုအပ်ပါက ၎င်းကို အောက်တိုဘာ 31 ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည် သို့မဟုတ် အခွန်ကိုယ်စားလှယ်တစ်ဦးနှင့် ချိတ်ဆက်ရမည်။

    အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းတစ်ခုကို တင်သွင်းရာတွင် သင့်အနေဖြင့် သင်ရှာဖွေရရှိခဲ့သောငွေ (ဝင်ငွေ) နှင့် ဖြတ်တောက်ငွေအဖြစ် သင် တောင်းဆိုနိုင်သည့် ကုန်ကျငွေများ ထည့်သွင်းရမည်။

    ဤစာမျက်နှာပေါ်တွင် -

    တင်သွင်းရေး ရွေးချယ်စရာများ

    သင့်အနေဖြင့် အခွန်စည်းကြပ်ရန် ဝင်ငွေစာရင်းတစ်ခု တင်သွင်းရန်လိုအပ်ပါက သင့်အခြေအနေများအပေါ် မူတည်၍ အောက်ပါရွေးချယ်စရာများမှ ရွေးချယ်နိုင်သည်။

    အောက်ပါတို့နှင့်သက်၍ ပိုမိုလေ့လာပါ -

    တင်သွင်းပြီးနောက် သင့်အနေဖြင့် ကျွန်ုပ်တို့၏ ကိုယ်တိုင်ဆောင်ရွက်ရေး ရွေးချယ်စရာများကို အသုံးပြု၍ သင်၏ အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်း တိုးတက်မှုကို စစ်ဆေးနိုင်ပါသည်

    သင့်အနေဖြင့် အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းတစ်ခု တင်သွင်းရန် အကူအညီလိုအပ်ပါက သင်၏အခွန်စည်းကြပ်ရန် ဝင်ငွေစာရင်း တင်သွင်းရန် အကူအညီနှင့် ပံ့ပိုးမှု ကို ကြည့်ရှုပါ။

    တင်သွင်းရန်လိုအပ်သည့် အချက်အလက်များ

    သင် မတင်သွင်းမီ ဤအခွန်နှစ်အတွင်း သီးခြားပုဂ္ဂိုလ်များအတွက် အသစ်မည်သည်တို့ရှိသည်ကို ရှာဖွေကြည့်ရှုပါ။

    သင်၏အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းတစ်ခု တင်သွင်းရန် အောက်ပါအချက်အလက်များအားလုံးကို သင်ရရှိနိုင်ပါကြောင်း ကျွန်ုပ်တို့ အကြံပြုပါသည်။ သင် လိုအပ်သည်မှာ -

    • သင့်ဘဏ်အကောင့် အသေးစိတ်အချက်အလက်များ (BSB နှင့် အကောင့်နံပါတ်)
    • သင်၏အလုပ်ရှင်များထံမှ ဝင်ငွေရှင်းတမ်း သို့မဟုတ် ပေးငွေအကျဉ်းချုပ်များ
    • Centrelink (Services Australia) မှ ပေးငွေ အကျဉ်းချုပ်များ
    • ဖြတ်တောက်ခြင်းများအဖြစ် သင်တောင်းဆိုနေသော ကုန်ကျစရိတ်များ အတွက် ဖြတ်ပိုင်းများ သို့မဟုတ် ရှင်းတမ်းများ
    • သင့်အိမ်ထောင်ဘက် ဝင်ငွေ (သင့်မှာ အိမ်ထောင်ဘက်ရှိပါက)
    • တစ်ကိုယ်ရေ ကျန်းမာရေးအာမခံ အချက်အလက် (သင့်မှာ အာမခံအကျုံးဝင်မှု ရှိပါက)။

    သင့်အနေဖြင့် myTax ကို အသုံးပြု၍ အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းတစ်ခု တင်သွင်းပါက ဤအချက်အလက်အများစုကို သင့်အတွက် ကျွန်ုပ်တို့ ကြိုတင်ဖြည့်ပေးပါမည်။ အွန်လိုင်းမှ တင်သွင်းရန် သင့်အနေဖြင့် သင့်၏ myGov အကောင့်ကို ATO နှင့် ချိတ်ဆက်ရပါမည်။

    နောက်အဆင့် -

    သင်၏အခွန်စည်းကြပ်ရန် ဝင်ငွေစာရင်း တင်ပြရမည့် နေ့ရက်များ

    သင်၏ကိုယ်ပိုင်အခွန်စည်းကြပ်ရန် ဝင်ငွေစာရင်းတစ်ခု တင်သွင်းမည်ဆိုပါက ၎င်းကို နှစ်စဉ် အောက်တိုဘာလ 31 ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရန်လိုအပ်သည်။

    အကယ်၍ အောက်တိုဘာလ 31 ရက်နေ့မှာ စနေ၊ တနင်္ဂနွေနေ့များ ဖြစ်နေပါက သင်၏အခွန်စည်းကြပ်ရန် ဝင်ငွေစာရင်းတစ်ခု တင်သွင်းရမည့် နေ့ရက်မှာ အောက်တိုဘာ 31 ရက်ပြီးနောက် အလုပ်ဖွင့်သည့်နေ့ ဖြစ်သည်။

    သင်သည် မှတ်ပုံတင်ထားသော အခွန်ကိုယ်စားလှယ်တစ်ဦး အသုံးပြုရန် ရွေးချယ်ပါက ၎င်းတို့အနေဖြင့် အထူးတင်သွင်းရေးအချိန်များ ရရှိမည်ဖြစ်ပြီး ဖောက်သည်များအတွက် အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းကို အောက်တိုဘာ 31 ရက်နေ့နောက်ပိုင်း တင်သွင်းနိုင်သည်။ သင့်အနေဖြင့် မှတ်ပုံတင်ထားသော အခွန်ကိုယ်စားလှယ်တစ်ဦး အသုံးပြုမည်ဆိုပါက ၎င်းတို့နှင့် အောက်တိုဘာ 31 ရက်နေ့ မတိုင်မီ ချိတ်ဆက်ရမည်။

    သင်၏အခွန်တာဝန်များထမ်းဆောင်ရန် အခက်အခဲများရှိပါက သို့မဟုတ် အောက်တိုဘာ 31 ရက်နေ့နောက်ဆုံးထား မတင်သွင်းနိုင်ပါက ဖြစ်နိုင်သမျှအမြန်ဆုံး ကျွန်ုပ်တို့ကို ဆက်သွယ်ပါ

    သင့်အနေဖြင့် သင်၏ကိုယ်ပိုင်အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းကို တင်သွင်းပြီး အခွန်ငွေတောင်းခံလွှာတစ်ခု ရရှိပါက သင့်အနေဖြင့် အောက်ပါနေ့ရက်များတွင် တင်သွင်းလျှင်ပင် ငွေပေးချေမှုကို နိုင်ဝင်ဘာ 21 ရက်နေ့ နောက်ဆုံးပေးချေရမည် -

    • ဇူလိုင် 1 ရက်နှင့် အောက်တိုဘာ 31 ရက်ကြား
    • အောက်တိုဘာ 31 ရက်နောက်ပိုင်း။

    သတ်မှတ်နေ့ကို သင် လွဲသွားပါက

    သတ်မှတ်နေ့ကို သင် လွဲသွားပါက သင် သတိရသည်နှင့်ချက်ချင်း တင်သွင်းရန် အရေးကြီးပါသည်။

    အခွန်ငွေတောင်းခံလွှာတစ်ခုကို မျှော်လင့်ထားလျှင် တင်သွင်းရန် နောက်မကျစေပါနှင့်။ သင့်အနေဖြင့် နောက်ကျမှတင်သွင်းလျှင်ပင် သင်၏ကိုယ်ပိုင် အခွန်စည်းကြပ်ရန် ဝင်ငွေစာရင်းကို တင်သွင်းသည့်အခါ ငွေပေးချေရမည့် သတ်မှတ်နေ့မှာ နိုဝင်ဘာ 21 ရက် ဖြစ်သည်။ နိုဝင်ဘာ 21 နောက်ပိုင်း သင်ပေးချေရမည့် ပမာဏအပေါ်မူတည်၍ အတိုးတောင်းသွားမည်ဖြစ်သည်။

    သင့်အနေဖြင့် အချိန်မီပေးချေရန် အခက်အခဲဖြစ်နေပါက ငွေပေးချေရေး အစီအစဉ်တစ်ခု တောင်းခံနိုင်သည် -

    • အကြွေး $100,000 သို့မဟုတ် ယင်းထက်နည်းသည့် ပမာဏအတွက် – သင့်အနေဖြင့် myGov အကောင့်နှင့် ATO ချိတ်ဆက်ပြီး အွန်လိုင်းဖြင့်
    • အကြွေး $100,000 သို့မဟုတ် ယင်းထက်နည်းသည့် ပမာဏအတွက် အလိုအလျှောက် ဖုန်းဝန်ဆောင်မှုဖြင့်
    • အကြွေး $100,000 ကျော်အတွက် ကျွန်ုပ်တို့မှ သင့်အခြေအနေများအရ ငွေပေးချေရေး အစီအစဉ်တစ်ခု စီမံပေးနိုင်ရန်အတွက် ဖုန်းဖြင့် ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။

    ဤသည်တို့ကိုလည်း ကြည့်ရှုပါ -

      Last modified: 17 Jun 2021QC 65970