Show download pdf controls
  • သင် သိမ်းဆည်းရန်လိုအပ်သည့် မှတ်တမ်းများ

    သင်၏အခွန်စည်းကြပ်ရန်တင်ပြသည့်ဝင်ငွေစာရင်း တင်သွင်းသည့်နေ့မှစ၍ မှတ်တမ်းများကို (ဖြစ်ရပ်အများစုတွင်) ငါးနှစ်အထိ သိမ်းဆည်းထားရန် လိုအပ်ပါသည်။ မှတ်တမ်းများတွင် ငွေစာရင်းရှင်းတမ်းများ၊ ငွေပေးချေမှု အကျဉ်းချုပ်များနှင့် ဖြတ်ပိုင်းများ ပါဝင်နိုင်သည်။ သင်သည် ဝင်ငွေနှစ်အတွင်း သင်၏အခွန်ကို စီမံဆောင်ရွက်ရန်အတွက် အရေးပါသည့် စာရွက်စာတမ်းများကို ရရှိပါမည်။

    ပိုစတာပုံစံဖြင့် ဤအချက်အလက်အကျဉ်းချုပ်တစ်ခုကို ရရှိရန်အတွက် သင် သိမ်းဆည်းရန်လိုအပ်သည့် မှတ်တမ်းများ –မှန်မှန်ကန်ကန်ရေးသွင်းခြင်း (PDF, 894KB)This link will download a file ကို ကြည့်ရှုပါ။

    ဤစာမျက်နှာပေါ်တွင် -

    မှတ်တမ်းသိမ်းဆည်းမှု အရေးပါပုံ

    မှတ်တမ်းများမှန်မှန်ကန်ကန် သိမ်းဆည်းထားခြင်းက သင်နှင့်သင်၏အခွန် အကြံပေးကို ဤသို့ အထောက်အကူပြုသည်-

    • သင့်ဝင်ငွေနှင့် ကုန်ကျစရိတ်များနှင့်ပတ်သက်၍ စာဖြင့်ရေးသားထားသည့် အထောက်အထားပေးရန်
    • သင်၏အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းပြင်ဆင်ရန်
    • သင်၏ခံစားပိုင်ခွင့်များအားလုံးကို တောင်းဆိုနိုင်အောင် ဆောင်ရွက်ရန်
    • သင်၏အခွန်စည်းကြပ်ရန်တင်ပြရမည့်ဝင်ငွေစာရင်းတွင် သင်ပေးထားသည့် အချက်အလက်များကို သက်သေပြရန် (ကျွန်ုပ်တို့မှ တောင်းဆိုလျှင်)
    • အခွန်စာရင်းစစ်ခြင်းများနှင့် ပြင်ဆင်မှုများဆိုင်ရာ အန္တရာယ်ကို လျှော့ချရန်
    • ကျွန်ုပ်တို့နှင့် ဆက်သွယ်ရေးတိုးတက်စေရန်
    • သင်ပေးချေရမည့် သတ်မှတ်ငွေများ သို့မဟုတ် ပြင်ဆင်မှုများအပေါ် အငြင်းပွားမှုတစ်ခုနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဖြေရှင်းရန်
    • ပြစ်ဒဏ်မထိအောင် ရှောင်ကြဉ်ရန်။

    မှတ်တမ်းများမှန်မှန်ကန်ကန် သိမ်းဆည်းထားခြင်းက သင်၏ အခွန်ကိစ္စများ စီမံခြင်းနှင့်ပတ်သက်သည့် ကုန်ကျစရိတ်များကို လျှော့ချပေးသည်။ သင်သည် အခွန်အကြံပေးတစ်ဦးအသုံးပြုပါက သင်၏မှတ်တမ်းများကို အမျိုးအစားခွဲခြားပြင်ဆင်ရန် ၎င်းတို့အသုံးပြုသည့် အချိန်ကို လျှော့ချနိုင်ပါသည်။ သင်၏ခံစားပိုင်ခွင့်များကို သင်သေချာပေါက်တောင်းဆိုနိုင်ရန်အတွက် အချိန်ပိုရရှိစေမည်ဖြစ်သည်။

    ဤသည်တို့ကိုလည်း ကြည့်ရှုပါ -

    သင့်မှတ်တမ်းများကို မည်မျှကြာကြာ သိမ်းဆည်းထားရမည်နည်း

    ယေဘုယျအားဖြင့် သင်၏စာဖြင့်ရေးသားထားသော အထောက်အထားကို သင်၏အခွန်စည်းကြပ်ရန်တင်ပြသည့် ဝင်ငွေစာရင်း တင်သွင်းသည့်နေ့မှစ၍ ငါးနှစ် အထိ သိမ်းဆည်းထားရပါမည်။

    ပို၍အသေးစိတ်ကျသော အခြေအနေအချို့ရှိပါသည်။ သင်သည် -

    • တန်ဖိုးလျော့ကျသွားသည့် အဖိုးတန်ပစ္စည်းများ၏ တန်ဖိုး ကျဆင်းမှု အတွက် ဖြတ်တောက်မှုတစ်ခု တောင်းဆိုလျှင် – တန်ဖိုးကျဆင်းမှုအတွက် သင်နောက်ဆုံးတောင်းဆိုသည့်နေ့မှစ၍ ငါးနှစ်အထိ မှတ်တမ်းများကို သိမ်းဆည်းထားပါ
    • အဖိုးတန်ပစ္စည်းတစ်ခု ရရှိလျှင် သို့မဟုတ် ဖယ်ရှားလိုက်လျှင် –ရင်းနှီးမြှုပ်နှံမှုအကျိုးအမြတ်ပေါ် ကောက်ခံသောအခွန် (CGT) ဖြစ်ရပ် တစ်ခု မဖြစ်ပေါ်လာနိုင်ကြောင်း သေချာသိရှိပြီးနောက် ငါးနှစ်အထိ မှတ်တမ်းများကို သိမ်းဆည်းထားပါ
    • ကျွန်ုပ်တို့နှင့် အငြင်းပွားလျှင် – မှတ်တမ်းများကို ပိုနောက်ကျသည့် အချိန်အထိ သိမ်းဆည်းထားပါ    
      • သင်၏အခွန်စည်းကြပ်ရန်တင်ပြသည့် ဝင်ငွေစာရင်း တင်သွင်းသည့်နေ့မှစ၍ ငါးနှစ်
      • အငြင်းပွားမှု ကျေအေးသည့်နေ့မှစ၍ ငါးနှစ်
       

    သင့်မှတ်တမ်းများ၏ ပုံစံများ

    သင့်မှတ်တမ်းများကို စာရွက်ပုံစံ သို့မှဟုတ် ဒစ်ဂျယ်တယ်ပုံစံဖြင့် သိမ်းဆည်းနိုင်ပါသည်။ သင်သည် စာရွက်မိတ္တူများ သို့မဟုတ် ဒစ်ဂျယ်တယ်မိတ္တူများ ပွားပါက ၎င်းတို့သည် စစ်မှန်ပြီး ရှင်းလင်းပြတ်သားသည့် မူရင်းမိတ္တူမှန် ဖြစ်ရပါမည်။

    သင်၏ဒစ်ဂျယ်တယ်မှတ်တမ်းများအားလုံးအတွက် အရန်တစ်ခု သိမ်းဆည်းထားရန် အကြံပြုလိုပါသည်။

    သြစတြေးလျနိုင်ငံပြင်ပတွင် ကုန်ကျစရိတ်ကုန်ကျခြင်းမဟုတ်ပါက သင်၏စာရွက်စာတမ်းများမှာ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်ရပါမည်။

    သင်သည် ဖြတ်တောက်မှုတစ်ခုကို တောင်းဆိုပါက သင်၏တောင်းဆိုမှုများ မည်သို့ဖြစ်ပေါ်လာသည်ကို ပြသရန် သင့်မှာ မှတ်တမ်းများ ရှိရမည်။ မှတ်တမ်းများမှာ အများအားဖြင့် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ ဖြည့်သွင်းသူများထံမှ ဖြတ်ပိုင်းတစ်ခုဖြစ်သည်။ ဖြတ်ပိုင်းတွင် ဤအချက်များပါရမည် -

    • ပစ္စည်းဖြည့်သွင်းသူ အမည်
    • ကုန်ကျစရိတ် ပမာဏ
    • ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ အမျိုးအစား
    • ကုန်ကျစရိတ်ပေးချေသည့်နေ့စွဲ
    • စာရွက်စာတမ်း၏ နေ့စွဲ။

    သင်သိမ်းဆည်းရန်လိုအပ်သည့် မှတ်တမ်းနမူနာများ

    သင်သိမ်းဆည်းရန်လိုအပ်သည့် မှတ်တမ်းနမူနာများတွင် ဤသည်တို့ ပါဝင်သည် -

    • သင့်အလုပ်ရှင်နှင့် Services Australia ထံမှ ဝင်ငွေရှင်းတမ်းများ သို့မဟုတ် ငွေပေးချေမှုအကျဉ်းချုပ်များ
    • ဝင်ငွေနှစ်အတွင်း သင်ရှာဖွေရရှိသည့်အတိုးကို ဖော်ပြသည့် သင့်ဘဏ်နှင့် အခြားဘဏ္ဍာရေးအဖွဲ့အစည်းမှ စာရင်းရှင်းတမ်းများ
    • အစုပေါ်အမြတ်ငွေ ရှင်းတမ်းများ
    • စီမံခန့်ခွဲထားသောရင်းနှီးမြှုပ်နှံမှုရန်ပုံငွေများမှ အကျဉ်းချုပ်များ
    • ကိရိယာ သို့မဟုတ် အဖိုးတန်ပစ္စည်း ဝယ်ယူခြင်းများနှင့် ရောင်းချခြင်းများအတွက် ဖြတ်ပိုင်းများ သို့မဟုတ် ငွေတောင်းခံလွှာများ
    • ကုန်ကျစရိတ်တောင်းဆိုမှုများနှင့် ပြင်ဆင်ခများအတွက် ဖြတ်ပိုင်းများ သို့မဟုတ် ငွေတောင်းခံလွှာများ
    • စာချုပ်ချုပ်ဆိုခြင်းများ
    • အိမ်/မြေငှားရမ်းခြင်းနှင့် ငှားရမ်းခဆိုင်ရာ မှတ်တမ်းများ

    အလုပ်နှင့်ဆက်နွှယ်သည့်ကုန်ကျစရိတ်များအတွက် သင်၏စုစုပေါင်း တောင်းဆိုမှုမှာ $300 ထက် ပိုများနေပါက သင်၏တောင်းဆိုမှုများကို သက်သေပြရန် စာဖြင့်ရေးသားထားသည့် အထောက်အထား ရှိရပါမည်။

    ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိုင်ဆိုင်မှုပစ္စည်း၊ ရှယ်ယာများ သို့မဟုတ် စီမံခန့်ခွဲထားသော ရန်ပုံငွေရင်းနှီးမြှုပ်နှံမှုတစ်ခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖိုးတန်ပစ္စည်းတစ်ခု သင်ရရှိပါက နောင်အနာဂတ်မှာ အဆိုပါအဖိုးတန် ပစ္စည်းကို ရောင်းချပါက ရင်းနှီးမြှုပ်နှံမှုအကျိုးအမြတ်ပေါ် ကောက်ခံသော အခွန်ပေးချေကောင်းပေးချေရမည်ဖြစ်သဖြင့် မှတ်တမ်းများကို ချက်ချင်းစတင်သိမ်းဆည်းပါ။ ကနဦးအစကနေ မှတ်တမ်းများသိမ်းဆည်းခြင်းသည် အခွန်ကို လိုအပ်သည်ထက် ပိုမပေးမိရန် သေချာစေပါသည်။

    လပ်တော့ပ်တစ်လုံးကဲ့သို့ အလုပ်အတွက် သင်အသုံးပြုသည့် တန်ဖိုးလျော့ကျသွားသည့် အဖိုးတန်ပစ္စည်း၏ ကုန်ကျစရိတ်ကို တောင်းခံပါက အောက်ပါတို့အနက် တစ်ခုအပါအဝင် သင်၏နောက်ဆုံးတောင်းဆိုမှုပြီးနောက် ငါးနှစ်ကြာအထိ မှတ်တမ်းများကို သိမ်းဆည်းထားရပါမည် -

    • ဝယ်ယူမှုဖြတ်ပိုင်းများနှင့် တန်ဖိုးလျော့ကျသည့်ပစ္စည်းစာရင်းတစ်ခု
    • တန်ဖိုးကျဆင်းမှုအတွက် သင်၏တောင်းဆိုမှုကို တွက်ချက်ထားသည့် အသေးစိတ်အချက်အလက်များ။

    ငါးနှစ်အတွင်းက သင်၏မှတ်တမ်းများကို ကျွန်ုပ်တို့အား ပြသပါရန် ကျွန်ုပ်တို့ တောင်းဆိုကောင်းတောင်းဆိုနိုင်သဖြင့် သင်၏တောင်းဆိုမှုများကို ထောက်ခံပေးရန်အတွက် သင့်မှာ လုံလောက်သည့် အထောက်အထားရှိရန် အရေးကြီးပါသည်။

    ဤသည်ကိုလည်း ကြည့်ရှုပါ -

    myDeductions မှတ်တမ်းသိမ်းဆည်းရေး ကိရိယာ

    သင်သိမ်းဆည်းထားသည့် မှတ်တမ်းများမှာ စာရွက်ပုံစံဖြစ်စရာမလိုပါ။ myDeductions မှာ သင်၏မှတ်တမ်းများကို ဒစ်ဂျယ်တယ်ပုံစံဖြင့် စောင့်ကြည့်ရန် သင့်အတွက် ပိုလွယ်ကူအောင်ဆောင်ရွက်ပေးသည့် မှတ်တမ်းသိမ်းဆည်းရေး ကိရိယာတစ်ခုဖြစ်ပါသည်။

    ကျွန်ုပ်တို့က သင် အီလက်ထရွန်နစ်ပုံစံဖြင့် သိမ်းဆည်းထားသော မှတ်တမ်းများကို စာရွက်စာတမ်းများအဖြစ် အသိအမှတ်ပြုပါသည်။ ၎င်းတွင် သင့်ဖြတ်ပိုင်းများ၏ဓာတ်ပုံများ ပါဝင်ပါသည်။

    ရိုးရှင်းသောကိစ္စရပ်များရှိသည့် တစ်ဦးချင်းသီးသန့်ကုန်သည်များအနေဖြင့်လည်း ၎င်းတို့၏လုပ်ငန်းဝင်ငွေနှင့် ကုန်ကျစရိတ်များကို စောင့်ကြည့်ရန် ၎င်းကို အသုံးပြုနိုင်ပါသည်။

    သင့်အနေဖြင့် myDeductions ကိရိယာမှ သင်၏မှတ်တမ်းများကို တင်သွင်းနိုင်ပြီး သင်၏ myTax အခွန်စည်းကြပ်ရန် ဝင်ငွေစာရင်းကို ကြိုတင်ဖြည့်စွက်နိုင်သည်။ မှတ်ပုံတင်ထားသောအခွန်ကိုယ်စားလှယ်တစ်ဦး အသုံးပြုပါက ၎င်းတို့ထံသို့ သင်၏မှတ်တမ်းများကို တိုက်ရိုက်အီးမေးလ်ပို့နိုင်ပါသည်။

    myDeductions ကိရိယာမှ အောက်ပါတို့အတွက် ဝင်ငွေနှစ်အတွင်း သင်၏မှတ်တမ်းများကို တစ်နေရာထဲတွင် ဒစ်ဂျယ်တယ်စနစ်ဖြင့် သိမ်းဆည်းခွင့်ပေးသည် -

    • (ကားဖြင့်ခရီးသွားခြင်းများအပါအဝင်) အလုပ်နှင့်ဆက်နွှယ်သော ကုန်ကျစရိတ်များအားလုံး
    • အတိုးနှင့် အစုပေါ်အမြတ် ဖြတ်တောက်မှုများ
    • လက်ဆောင်များ သို့မဟုတ် လှူဖွယ်ပစ္စည်းများ
    • အခွန်ကိစ္စများစီမံခြင်း ကုန်ကျစရိတ်များ
    • တစ်ခုတည်းသော ကုန်သွယ်ရေးအသုံးစရိတ်များနှင့် လုပ်ငန်းဝင်ငွေ
    • အခြားဖြတ်တောက်မှုများ။

    Watch: A quick demonstration of myDeductions

     

    ဤသည်တို့ကိုလည်း ကြည့်ရှုပါ -

    မှတ်တမ်းသိမ်းဆည်းရေးဆိုင်ရာ ခြွင်းချက်များ

    အကြောင်းအရာများကို ပိုမိုရိုးရှင်းအောင်လုပ်ဆောင်ရန် မှတ်တမ်းသိမ်းဆည်းရေးဆိုင်ရာ ခြွင်းချက်များ ရှိပါသည် - အလိုအလျောက် ၎င်းတို့မှ သင့်အား ဖြတ်တောက်မှုတစ်ခု တောင်းဆိုရန် ခွင့်မပြုပါ။

    အချို့အခြေအနေများတွင် သင့်အနေဖြင့် ဖြတ်ပိုင်းများ မလိုအပ်ပါ၊ သို့သော် သင် သုံးစွဲခဲ့သောငွေနှင့် သင်၏တောင်းဆိုမှု မည်သို့ဖြစ်ပေါ်လာသည်ကို ဆက်လက်ပြသနိုင်ရန် လိုအပ်သည်။

    သင့်အနေဖြင့် ပစ္စည်းဖြည့်သွင်းသူတစ်ဦးထံမှ ဖြတ်ပိုင်းတစ်ခုမရရှိနိုင်ပါက သင်သုံးစွဲခဲ့သောငွေကို ပြသသည့် အထောက်အထားအမျိုးအစားနှင့် အရည်အသွေးကို ကျွန်ုပ်တို့ ကျေနပ်အားရမှုရှိပြီး ဖြတ်တောက်မှုတစ်ခုအတွက် တောင်းဆိုရန် အခွင့်ရှိပါက ဖြတ်တောက်မှုတစ်ခု ဆက်လက်တောင်းဆိုနိုင်ပါသည်။ သင့်ကုန်ကျစရိတ်များ၏ အထောက်အထားများတွင် ပေးချေခဲ့သည့် ငွေပမာဏ၊ မည်သည့်အချိန်နှင့် မည်သူ့ကိုပေးချေခဲ့သည်စသည်တို့ကို ပြသသည့် ဘဏ် သို့မဟုတ် ခရစ်ဒစ်ကတ်ရှင်းတမ်းတစ်ခုအပြင် ပေးထားသည့် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ၏ အမျိုးအစားကို ဖော်ပြသည့် အခြားစာရွက်စာတမ်းများလည်း ပါဝင်နိုင်သည်။

    သင်သည် ပစ္စည်းဖြည့်သွင်းသူအား ငွေသားပေးချေပြီး သင်၏တောင်းဆိုမှုကို ထောက်ခံရန် အခြားစာရွက်စာတမ်းများ မရှိပါက သင့်မှာ ဖြတ်တောက်မှုတစ်ခုအတွက် တောင်းဆိုရန် လုံလောက်သည့် အထောက်အထား ရှိမည်မဟုတ်ပါ။

    ပျောက်ဆုံး သို့မဟုတ် ပျက်စီးသွားသော မှတ်တမ်းများ

    ဥပမာ ဖောက်ထွင်းမှုတစ်ခု သို့မဟုတ် ဘေးအန္တရာယ်တစ်ခုအတွင်း သင်၏ မှတ်တမ်းများ မတော်တဆ ပျောက်ဆုံး သို့မဟုတ် ပျက်စီးသွားပါက အချို့သောကုန်ကျစရိတ်များအတွက် ဖြတ်တောက်မှုတစ်ခု တောင်းဆိုနိုင်ပါသည်။ သင့်အနေနှင့် တစ်နည်းနည်းဖြင့် လုပ်ဆောင်နိုင်သည် -

    • ပျောက်ဆုံး သို့မဟုတ် ပျက်စီးသွားသည့် မှတ်တမ်းများအတွက် ပြည့်စုံသောမိတ္တူတစ်ခု ပေးရန်
    • ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုကို တားဆီးကာကွယ်ရန်နှင့် မှတ်တမ်းများ၏ မိတ္တူတစ်ခုရရှိရန် မဖြစ်နိုင်သည့်အခါ သင်ဆောင်ရွက်ခဲ့သော ထိုက်သင့်သော ကြိုတင်ကာကွယ်မှုများဖြင့် ကျွန်ုပ်တို့ကို ကျေနပ်မှုရှိအောင် ဆောင်ရွက်နိုင်သည်။

    ဤသည်တို့ကိုလည်း ကြည့်ရှုပါ -

      Last modified: 16 Jul 2021QC 66422