ato logo
Search Suggestion:

သြစတြေးလျနိုင်ငံရှိအခွန် - သင် သိရှိရန်လိုအပ်သည့် အချက်များ

Last updated 21 September 2021

သင်သည် သြစတြေးလျနိုင်ငံသို့ အသစ်ရောက်ရှိလာသူဖြစ်လျှင် သို့မဟုတ် အင်္ဂလိပ်စကားမှာ သင်၏ ဒုတိယဘာသာစကားဖြစ်လျှင် သြစတြေးလျနိုင်ငံ အခွန်နှင့်ပတ်သက်၍ မေးခွန်းအချို့ကို ဤသုံးသပ်ချက် က ကူညီဖြေဆိုပေး မည်ဖြစ်သည်။ ဤထုတ်ဝေမှုကို သင် နှစ်သက်သောဘာသာစကားဖြင့်လည်း ရရှိနိုင်မည်ဖြစ်သည်။

သင့်အနေဖြင့် ဤအချက်အလက်မိတ္တူတစ်စောင်ကို သယ်ရလွယ်သော စာရွက်ပုံစံဖြင့် ဒေါင်းလုတ်ဆွဲနိုင်ပါ သည် – သြစတြေးလျနိုင်ငံရှိအခွန် - သင် သိရှိရန်လိုအပ်သည့်အချက်များ (PDF, 427KB)။This link will download a file

ဤလမ်းညွှန်ထဲတွင် -

အဘယ့်ကြောင့် ကျွန်ုပ်တို့ အခွန်ပေးရသနည်း

သြစတြေးလျနိုင်ငံသားများဖြစ်သည့်အလျောက် ကျွန်ုပ်တို့သည် အခွန်ကောက်ခံမှုများဖြင့် ထောက်ပံ့ပေးထားသည့် ကောင်းမွန်သော ကျန်းမာရေးစနစ်၊ အရည်အသွေးရှိသော ပညာရေးနှင့် ရပ်ရွာအသိုက်အဝန်းနှင့်ပတ်သက်သည့် ပံ့ပိုးမှုအမျိုးမျိုး (ဥပမာ - ပန်းခြံများနှင့် ကစားကွင်းများ) ကို ရရှိခံစားရပါသည်။

သြစတြေးလျနိုင်ငံအခွန်ရုံး (ATO) မှ သြစတြေးလျနိုင်ငံအစိုးရအတွက် အောက်ပါတို့အပါအဝင် ဝန်ဆောင်မှုများပံ့ပိုးပေးရန် ဤအခွန်များကို ကောက်ခံပါသည် -

  • ကျန်းမာရေးစောင့်ရှောက်မှု
  • ပညာရေး
  • ကာကွယ်ရေး
  • ကားလမ်းများနှင့် သံလမ်းများ
  • လူမှုဖူလုံရေး၊ ကပ်ဘေးကယ်ဆယ်ရေးနှင့် အငြိမ်းစားလစာများအတွက် ပေးငွေများ

သင် စတင်အလုပ်မလုပ်မီ

ဤကဏ္ဍတွင် -

သြစတြေးလျနိုင်ငံတွင် အလုပ်လုပ်ခွင့်

သင်သည် အခြေချနေထိုင်သည့်နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး သြစတြေးလျနိုင်ငံတွင် စတင်အလုပ်မလုပ်မီ Department of Home Affairs မှ ခွင့်ပြုချက်ရရှိရန် လိုအပ်သည်။ Home Affairs မှ သင့်အား သြစတြေးလျနိုင်ငံတွင် မည်သည့်ဗီဇာများက အလုပ်လုပ်ခွင့်ပေးသည်အပါအဝင် အသုံးဝင်သော အချက်အလက်များကို ထောက်ပံ့ပေးနိုင်သည်။

နောက်အဆင့် -

  • Home AffairsExternal Link (ပြင်ပဝက်ဘ်ဆိုက်တစ်ခုနှင့် ချိတ်ဆက်ထားသည့်လင့်ခ်များ)

Tax file number (အခွန်ဖိုင်နံပါတ်) တစ်ခု ရရှိရန်

သင်၏ tax file number (TFN) ဆိုသည်မှာ သင်၏ ကိုယ်ပိုင် ရည်ညွှန်းနံပါတ်ဖြစ်သည်။ TFN တစ်ခု အခမဲ့ ရရှိနိုင်သည်။

သင့်အနေဖြင့် စတင်အလုပ်မလုပ်မီ သို့မဟုတ် အလုပ်စတင်လုပ်ပြီးမကြာမီ တွင် TFN တစ်ခု ရရှိရမည်၊ သို့မဟုတ်ပါက အခွန်ပို၍ပေးရမည်။ ကျွန်ုပ်တို့သည် တစ်ဦးချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားအဖွဲ့ အစည်းများကို ခွဲခြားသတ်မှတ်ရန်နှင့် မှတ်တမ်းတင်ရန်ကိစ္စများအတွက် TFNs ထုတ်ပေးပါသည်။

သင်၏ TFN လျှောက်ထားပုံမှာ သင့်အခြေအနေများပေါ်တွင် မူတည်သည်။

သင့်လျှောက်လွှာကို ဖြည့်စွက်သည့်အခါ သင်မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြသည့် စာရွက်စာတမ်းများ လိုအပ်ပါသည်။

သင်၏ TFN လျှောက်လွှာကို စီမံပြင်ဆင်ရန် 28 ရက်အထိ ကြာမြင့်နိုင်ပြီး သင်၏ TFN ကို သင်၏လိပ်စာသို့ ပေးပို့ပါမည်။

သင်၏ TFN ကို လက်ခံရရှိသည့်အခါ ယင်းကို လုံခြုံစွာသိမ်းဆည်း ပြီး အခြားမည်သူ့ကိုမျှ ပေးမသုံးပြုရန် အရေးကြီးသည်။

နောက်အဆင့် -

Australian business number (သြစတြေးလျနိုင်ငံ စီပွားရေးလုပ်ကိုင်ခွင့် နံပါတ်) (ABN) မှာ စီးပွားရေးလုပ်ငန်းအတွက် ဖြစ်သည်

Australian business number (ABN) တစ်ခု ရရှိရန် မည်သူကိုမျှ မသတ်မှတ်ထားပါ သို့မဟုတ် မလိုအပ်ပါ။ ABN တစ်ခုရှိခြင်းမှာ သင်သည် -

  • သင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသည်
  • ကျွန်ုပ်တို့ကို သင့်ကိုယ်ပိုင်အခွန် ပေးရမည်
  • သင်၏ကိုင်ပိုင်သက်ပြည့်အငြိမ်းစားလစာအတွက် ပေးရန် လိုအပ်နိုင်သည်
  • သင်ထိခိုက်ဒဏ်ရာရပါက သင့်ကို အာမခံမရရှိနိုင်ပါ။

ဤသည်တို့ကိုလည်း ကြည့်ရှုပါ -

သင် စတင်အလုပ်လုပ်သည့်အခါ

ဤကဏ္ဍတွင် -

Tax file number ကြေညာချက်တစ်ခု ပြုလုပ်ခြင်း

သင် စတင်အလုပ်လုပ်သည့်အခါ သင့်အလုပ်ရှင်မှ သင်၏ TFN နှင့် ကိုယ်ရေးအချက်အလက်များကို ၎င်းတို့အား ပြောပြရန် သင့်အား Tax file number declaration (အခွန်ဖိုင်နံပါတ် ကြေညာချက်) တစ်ခု ဖြည့်ခိုင်းပါလိမ့်မည်။

၎င်းတို့မှ သင့်အနေဖြင့် အခွန်မည်မျှဆောင်ရမည်ကို တွက်ချက်ရန် ဤကြေညာချက်ကို အသုံးပြုပါသည်။ ကြေညာချက်တစ်ခု ဖြည့်စွက်ရန် သင့်မှာ အချိန် 28 ရက်ရှိပြီး ၎င်းကို သင့်အလုပ်ရှင်အား ပေးပါ။ သင်မဖြည့်စွက်ပါက ၎င်းတို့သည် သင်၏လစာမှ အခွန်အတွက် အမြင့်ဆုံးနှုန်းဖြင့် ဖြတ်တောက်မည် ဖြစ်သည်။

သင်သည် အခွန်ကိစ္စများအတွက် အခြေချနေထိုင်သည့် သြစတြေးလျနိုင်ငံသားတစ်ဦးဖြစ်ပါက သင်၏ကြေငြာချက်ကို ဖြည့်စွက်သည့်အခါ အခွန်ကင်းလွတ်ခွင့် ပမာဏတစ်ခု တောင်းဆိုနိုင်သည်။ ဆိုလိုသည်မှာ သင့်နှစ်စဉ်ဝင်ငွေ၏ ပထမ $18,200 အတွက် အခွန်ဆောင်စရာ မလိုပါ။

ပုံမှန်အားဖြင့် အလုပ်ရှင်တစ်ဦးထံမှ အခွန်ကင်းလွတ်ခွင့်ပမာဏတစ်ခုသာ တောင်းဆိုနိုင်သည်။ သင့်မှာ အလုပ်ရှင်တစ်ဦးထက်ပို၍ ရှိပါက လစာ သို့မဟုတ် လုပ်အားခ အမြင့်ဆုံးပေးသည့် အလုပ်ရှင်ထံမှ အခွန်ကင်းလွတ်ခွင့်ပမာဏတစ်ခု တောင်းဆိုသင့်သည်။

ဤသည်တို့ကိုလည်း ကြည့်ရှုပါ -

အခွန်ပေးခြင်း

သင့်အလုပ်ရှင်မှ သင့်အား လစာ သို့မဟုတ် လုပ်အားခ ပေးသည့်အခါ အခွန်အတွက် ဖြတ်တောက်ပြီး ကျွန်ုပ်တို့ဆီကို ပို့ပေးပါသည်။ သင်၏လစာရှင်းတမ်းစာရွက်မှ သင် အခွန်မည်မျှပေးဆောင်ရသည်ကို ဖော်ပြပေးမည်ဖြစ်သည်။ ဘဏ္ဍာရေးနှစ်အဆုံးတွင် သင်၏ဝင်ငွေစာရင်းရှင်းတမ်း သို့မဟုတ် ပေးငွေ မှတ်တမ်းအကျဉ်းချုပ်မှ သင်၏အလုပ်ရှင်ထံမှရရှိသည့် စုစုပေါင်းဝင်ငွေနှင့် အခွန်အတွက် ၎င်းတို့ မည်မျှုဖြတ်ထားသည်ကို ဖော်ပြပေးလိမ့်မည်။ သင်၏ဝင်ငွေစာရင်းရှင်းတမ်းကို myGov မှတစ်ဆင့် ATO online services တွင် ရရှိနိုင်ပါသည်။

သင် အခွန်ပေးဆောင်ရမည့် ပမာဏမှာ အောက်ပါတို့ပေါ်တွင် မူတည်သည် -

အချို့အလုပ်ရှင်များသည် ဘဏ်အကောင့်မှပေးချေခြင်းထက် ငွေသားဖြင့် ပေးချေခြင်းကို ပိုနှစ်သက်သည်။ ၎င်းတို့က အောက်ပါတို့ဆောင်ရွက်ပေးလျှင် ယင်းမှာ အဆင်ပြေပါသည် -

  • သင့်ကို ပေးချေသည့်ငွေမှ အခွန်ဖြတ်တောက်ခြင်း
  • အခွန် မည်မျှဖြတ်ထားကြောင်းဖော်ပြသည့် လစာရှင်းတမ်းစာရွက်များ သင့်ကိုပေးခြင်း
  • သင့်ကိုယ်စား သက်ပြည့်အငြိမ်းစားလစာ ထောက်ပံ့မှုများ ပေးခြင်း (သင့်မှာ သက်ပြည့်အငြိမ်းစားလစာ ရပိုင်ခွင့်ရှိလျှင်)။

သင်သည် TFN တစ်ခုမရှိမီ အလုပ်စတင်အလုပ်လုပ်ပါက သင့်မှာ TFN တစ်ခုရရှိရန် အချိန် 28 ရက် ရှိပြီး ၎င်းကို သင့်အလုပ်ရှင်ကို ပေးပါ။ သင့်မှာမရှိပါက သင့်အလုပ်ရှင်သည် သင်၏လစာမှ အခွန်အတွက် အမြင့်ဆုံးနှုန်းဖြင့် ဖြတ်တောက်မည်ဖြစ်သည်။

ဤသည်တို့ကိုလည်း ကြည့်ရှုပါ -

သက်ပြည့်အငြိမ်းစားလစာ

သက်ပြည့်အငြိမ်းစားလစာ (သက်ပြည့်အငြိမ်းစားလစာ) ဆိုသည်မှာ သင် အလုပ်လုပ်ချိန်အတွင်း သင်၏အငြိမ်းစားယူချိန်ကိုပံ့ပိုးရန် စုထားသည့် ငွေဖြစ်ပါသည်။ အလုပ်သစ်တစ်ခု စတင်လုပ်ကိုင်သည့်အခါ သက်ပြည့်အငြိမ်းစားလစာ မည်သို့အလုပ်လုပ်သည်နှင့် သင်၏အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို သိရှိထားရန် အရေးကြီးသည်။

သက်ပြည့်အငြိမ်းစားလစာငွေကို သင့်လစာအပြင် အပိုဆောင်းပေးသည်။ သင်သည် သက်ပြည့်အငြိမ်းစား လစာရရှိရန် သတ်မှတ်အရည်အချင်း ပြည့်မီပါက သင့်အလုပ်ရှင်မှ သက်ပြည့်အငြိမ်းစားလစာရန်ပုံငွေ အကောင့် ထဲသို့ သက်ပြည့်အငြိမ်းစားလစာထောက်ပံ့ငွေများ ပေးရမည်ဖြစ်သည်။ လူအများစုတို့သည် သက်ပြည့်အငြိမ်းစားလစာရန်ပုံငွေကို ရွေးချယ်နိုင်ပြီး ယင်းထောက်ပံ့ငွေများကို ပေးချေရသည်။

သင်၏ သက်ပြည့်အငြိမ်းစားလစာအကောင့်ထဲသို့ သက်ပြည့်အငြိမ်းစား လစာပေးချေမှုများ မှန်ကန်စွာ ပေးချေမှုရှိမရှိသေချာဆောင်ရွက်ရန် သင်၏ သက်ပြည့်အငြိမ်းစားလစာပို ပုံမှန်စစ်ဆေးရန် အရေးကြီး သည်။

ဤသည်တို့ကိုလည်း ကြည့်ရှုပါ -

အခွန်စည်းကြပ်ရန်တင်ပြရမည့် သင်၏ဝင်ငွေစာရင်း

ဤကဏ္ဍတွင် -

အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းကို မည်သူတို့ ပြင်ဆင်ရန် လိုအပ်သနည်း။

တစ်ဦးချင်းအနေဖြင့် သင်သည် အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းကို ဤသို့ဖြစ်ပါက တင်ပြရမည် -

  • အခွန်နှစ် (ဇူလိုင်လ 1 ရက်နေ့မှာ ဇွန်လ 30 ရက်) အတွင်း သင့်လစာမှ ဖြတ်ယူထားသော အခွန်ရှိခဲ့လျှင်
  • (သြစတြေးလျအစိုးရမှပေးသည့် ငွေအချို့အပါအဝင်) သင် အခွန်ဆောင်ရမည့် ဝင်ငွေမှာ အခြေချနေထိုင်သူများအတွက် အချို့အခွန်ကင်းလွတ်ခွင့်ပမာဏထက် များနေခဲ့လျှင်
  • သင်သည် အခြေချနေထိုင်သည့် နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး (အခြေချနေထိုင်မှုအတွက် ကြိုတင်ကောက်ခံထားသည့်အခွန် ဝင်ငွေကို ချန်လှပ်၍) အခွန်နှစ်အတွင်း $1 သို့မဟုတ် ယင်းအထက် ဝင်ငွေရှိခဲ့လျှင်
  • သင်သည် သြစတြေးလျနိုင်ငံမှ ရာသက်ပန် သို့မဟုတ် အခွန်နှစ် တစ်နှစ်ထက်ပို၍ ထွက်ခွာသွားလျှင်။

သင့်အနေဖြင့် အခွန်ပိုပေးဆောင်ရန် လိုအပ်မလိုအပ် သို့မဟုတ် ငွေ (အခွန်ပြန်အမ်းငွေ) ပြန်ရရှိနိုင် မရရှိနိုင်ကို သုံးသပ်ရန်အတွက် အခွန်စည်းကြပ်ရန်တင်ပြရမည့် သင်၏ဝင်ငွေစာရင်းမှ သင်၏ဝင်ငွေနှင့် သင်ပေးဆောင်ရမည့် အခွန်ငွေပမာဏကဲ့သို့ အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုပါသည်။

ဤသည်တို့ကိုလည်း ကြည့်ရှုပါ -

တင်သွင်းရန် သင်လိုအပ်သည့် အချက်အလက်များ

အခွန်စည်းကြပ်ရန်တင်ပြရမည့် ဝင်ငွေစာရင်းတစ်ခုတင်သွင်းရန် ဤသည်တို့ကို သင် သိရှိရန် လိုအပ်သည် -

  • (ငွေသားပေးချေမှုများအပါအဝင်) အလုပ်မှ၊ ဘဏ်အကောင့်များ၏ အတိုး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများမှ သင့်ဝင်ငွေပမာဏ
  • သင့်ဝင်ငွေမှ အခွန်အတွက် ကြိုတင်ထုတ်ယူထားသည့်ပမာဏ (သင့်အလုပ်ရှင်က သင့်လစာမှ ဖြတ်တောက်ပြီး ကျွန်ုပ်တို့ထံပေးပို့သည့်ပမာဏ)
  • သင်တောင်းဆိုထားသည့် ဖြတ်တောက်ခြင်းများနှင့် ထေလိုက်သော အခွန်ငွေများအကြောင်း။

ဖြတ်တောက်မှုများမှာ သင့်အခွန်လျော့စေရန် သင်တောင်းဆိုနိုင်သည့် စရိတ်များဖြစ်သည်။ ဖြတ်တောက်မှုအများစုမှာ အလုပ်နှင့်ဆက်နွှယ်သော ကုန်ကျစရိတ်များ ဖြစ်သည်။ ယင်းသည် သင်၏ဝင်ငွေရရှိအောင် အထောက်အကူပေးသည့် တစ်စုံတစ်ခုအတွက် သင်အသုံးပြုသည့်ငွေဖြစ်သည်။ သင်သည် အောက်ပါတို့ကို ပြနိုင်ရမည် -

  • ရရှိသောဝင်ငွေနှင့် တိုက်ရိုက်ဆက်နွှယ်သည့်ကုန်ကျစရိတ်များ
  • ကုန်ကျစရိတ်များမှာ သဘာဝအားဖြင့် ကိုယ်ရေးကိုယ်တာမဖြစ်ရပါ
  • သင်သည် သင့်ကုန်ကျစရိတ်များကိုသက်သေပြရန် မှတ်တမ်းတစ်ခုရှိရပါမည် (ဥပမာ ဖြတ်ပိုင်းတစ်ခု)။

သင့်အလုပ်ရှင်သည် သင့်ကို ဝင်ငွေစာရင်းရှင်းတမ်း သို့မဟုတ် ငွေပေးချေမှုအကျဉ်းချုပ်တစ်စောင်ပေးရန် လိုသည်။ ယင်းသည် သင်မည်မျှဝင်ငွေရှိပြီး သင်မည်မျှအခွန်ပေးဆောင်ထားသည်ကို ပြသည်။

နောက်အဆင့်များ -

မှတ်တမ်းသိမ်းထားခြင်း

သင်၏အခွန်စည်းကြပ်ရန်တင်ပြသည့် ဝင်ငွေစာရင်း တင်သွင်းသည့်အခါ သင့်အနေဖြင့် မှန်ကန်သော အခွန်ပမာဏပေးထားခြင်းရှိမရှိ သိရှိရန် ၎င်းကို ကျွန်ုပ်တို့ စိစစ်ဆောင်ရွက်ပြီး တွက်ချက်သည်။ သင့်ထံသို့ အကဲဖြတ်စစ်ဆေးမှုသတိပေးစာတစ်စောင် ပေးပို့ပြီး အဖြေကို ကျွန်ုပ်တို့ အသိပေးပါမည်။

သင်တောင်းဆိုသော ဖြတ်တောက်မှုတစ်ခုခုအတွက် ဖြတ်ပိုင်းများကဲ့သို့ မှတ်တမ်းများကို သင် သိမ်းထားရမည်။ သင်၏အခွန်စည်းကြပ်ရန်တင်ပြသည့်ဝင်ငွေစာရင်း တင်သွင်းသည့်နေ့မှစ၍ ဤမှတ်တမ်းများကို အနည်းဆုံးငါးနှစ်အထိ သိမ်းဆည်းထားရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့အား ဤမှတ်တမ်းများ ပြသပေးရန် ကျွန်ုပ်တို့က သင့်ကို တောင်းဆိုကောင်းတောင်းဆိုနိုင်ပါသည်။

myDeductions သည် သင်၏ ကုန်ကျစရိတ်များနှင့် ဝင်ငွေများကို တစ်နေရာတည်းတွင် သိမ်းဆည်းထားရန် အဆင်ပြေသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ သင်၏စမတ်ဖုန်း/ကွန်ပျူတာထဲသို့ ATO app ကို ဒေါင်းလုတ်ဆွဲပြီး myDeductions အိုင်ကွန်ကို ရွေးချယ်ပါ။

ဤသည်တို့ကိုလည်း ကြည့်ရှုပါ -

သင်၏အခွန်စည်းကြပ်ရန်တင်ပြသည့်ဝင်ငွေစာရင်းကို ဖြည့်စွက်ပြီး တင်သွင်းပါ

ဤကဏ္ဍတွင် -

မည်သည့်အချိန်တွင် တင်သွင်းရမည်

သင်သည် myTax ကို အသုံးပြု၍အွန်လိုင်းမှလည်းကောင်း၊ မှတ်ပုံတင်ထားသော အခွန်ကိုယ်စားလှယ်မှ တစ်ဆင့်လည်းကောင်း သို့မဟုတ် အခွန်စည်းကြပ်ရန်တင်ပြသည့်ဝင်ငွေစာရင်း စာရွက်ကို ဖြည့်စွက်၍ လည်းကောင်း တင်သွင်းနိုင်ပါသည်။ သင်၏ အခွန်စည်းကြပ်ရန်တင်ပြသည့်ဝင်ငွေစာရင်းသည် ဇူလိုင် 1 ရက်နေ့မှ ဇွန် 30 ရက်နေ့အထိ ဝင်ငွေနှစ်အကျုံးဝင်သည်။ သင်၏အခွန်စည်းကြပ်ရန်တင်ပြသည့် ဝင်ငွေစာရင်းကို အောက်တိုဘာ 31 ရက်နေ့နောက်ဆုံးထား တင်သွင်းရမည် သို့မဟုတ် အခွန်ကိုယ်စားလှယ်နှင့် ချိတ်ဆက်ရမည်။

သင်သည် myTax ကို အသုံးပြု၍ အွန်လိုင်းမှတင်သွင်းသည့်အခါ သို့မဟုတ် အခွန်ကိုယ်စားလှယ်တစ်ဦး အသုံးပြုသည့်အခါ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့တွင် ရှိနှင့်ပြီးသားအချက်အလက်များဖြင့် သင်၏အခွန် စည်းကြပ်ရန်တင်ပြသည့်ဝင်ငွေစာရင်းကို ကြိုတင်ဖြည့်စွက်ပါမည်။ ဥပမာ အလုပ်ဝင်ငွေနှင့် ဘဏ်တိုး။ လူအများစုအတွက် ယင်းမှာ ဇူလိုင်လကုန်နောက်ဆုံးထား၍ အဆင်သင့်ဖြစ်ပါမည်။ သင်၏အချက်အလက် များကို ကြိုတင်ဖြည့်စွက်ရန် ကျွန်ုပ်တို့ကို စောင့်ဆိုင်းခြင်းသည် သင်၏အခွန်စည်းကြပ်ရန်တင်ပြသည့် ဝင်ငွေစာရင်းကို ပို၍လွယ်ကူအောင်နှင့် ပို၍တိကျအောင်ပြုလုပ်ပေးနိုင်ပါသည်။

ကျွန်ုပ်တို့သည် ၎င်းကိုရရှိသည်နှင့် ဤအချက်အလက်များကို ကြိုတင်ဖြည့်စွက်ပါမည်။ ထို့ကြောင့် သင့်အနေဖြင့် အသေးစိတ်အချက်အလက်များမှာ မှန်ကန်မှုရှိမရှိစစ်ဆေးရန်နှင့် လိုအပ်နေသည်များကို ဖြည့်စွက်ရန်လိုအပ်ပါသည်။

ဤသည်တို့ကိုလည်း ကြည့်ရှုပါ -

myTax ကို အသုံးပြု၍ အွန်လိုင်းမှတင်သွင်းခြင်း

သင်သည် myTax ကို အသုံးပြု၍ သင်၏အခွန်စည်းကြပ်ရန် တင်ပြသည့်ဝင်ငွေစာရင်းကို အွန်လိုင်းမှ တင်သွင်းနိုင်ပါသည်။ ယင်းသည် အွန်လိုင်းမှတင်သွင်းရန် မြန်ဆန် လွယ်ကူပြီး စိတ်ချလုံခြုံသော နည်းလမ်းဖြစ်သည်။

myTax ကို အသုံးပြုရန် သင့်အနေဖြင့် ပထမဆုံး myGov အကောင့်တစ်ခု ပြုလုပ်ပြီး သင့်အကောင့်ကို ATO online services နှင့် ချိတ်ဆက်ရန်လိုသည်။ သင်သည် အဆက်အသွယ်အားလုံးရရှိရန်နှင့် သင်၏အခွန်စည်းကြပ်ရန် တင်ပြသည့်ဝင်ငွေစာရင်း တင်သွင်းရာတွင် နှောင့်နှေးမှုများမရှိစေရန်အတွက် အခွန်တင်သွင်းချိန် (ဇူလိုင်လ 1 ရက်) မတိုင်မီ ချိတ်ဆက်ရန် အကြံပြုလိုပါသည်။

သင်သည် ATO online services နှင့် ချိတ်ဆက်ပြီးပါက သင်၏အခွန်စည်းကြပ်ရန်တင်ပြသည့် ဝင်ငွေစာရင်းကို တင်သွင်းရန် myTax ကို အသုံးပြုနိုင်ပြီဖြစ်သည်။

နောက်အဆင့် -

မှတ်ပုံတင်ထားသော အခွန်ကိုယ်စားလှယ်တစ်ဦးအသုံးပြု၍ တင်သွင်းခြင်း

သင့်အနေဖြင့် သင်၏အခွန်စည်းကြပ်ရန် တင်ပြသည့်ဝင်ငွေစာရင်းကို ပြင်ဆင်ပြီး တင်သွင်းရန် မှတ်ပုံတင်ထားသော အခွန်ကိုယ်စားလှယ်တစ်ဦးကို အသုံးပြုနိုင်ပါသည်။ သင်သည် ၎င်းတို့ကို အောက်တိုဘာလ 31 ရက်နေ့မတိုင်မီ ဆက်သွယ်ရန် လိုအပ်သည်။

နောက်အဆင့် -

တင်သွင်းရန် အကူအညီနှင့် ပံ့ပိုးမှု

အခွန်တင်သွင်းချိန်တွင် သင်သည် သင့်အခွန်နှင့်ပတ်သက်၍ သင်အခမဲ့ အကူအညီရရှိနိုင်ပါသည်။ ကျွန်ုပ်တို့၏ Tax Help ဝန်ဆောင်မှုသည် တစ်နှစ်လျှင် $60,000 ခန့် သို့မဟုတ် ယင်းအောက်ရရှိသော ဝင်ငွေနည်းသူများအတွက် ဝန်ဆောင်မှုဖြစ်ပါသည်။ သင်သည် သင်၏အခွန်စည်းကြပ်ရန် တင်ပြသည့်ဝင်ငွေစာရင်းကို ဖြည့်စွက်ရန် အကူအညီလိုအပ်ပါက ကျွန်ုပ်တို့၏သင်တန်းဆင်း လုပ်အားပေးများက သင့်ကို ကူညီပေးနိုင်ပါသည်။ သူတို့က လူများကို myTax အသုံးပြု၍ ၎င်းတို့၏အခွန်စည်းကြပ်ရန် တင်ပြသည့်ဝင်ငွေစာရင်းကို ဖြည့်စွက်ရာတွင် ကူညီပြီး အခမဲ့လျှို့ဝှက်ဝန်ဆောင်မှုပေးပါမည်။

Tax Help သည် နှစ်စဉ် ဇူလိုင်လမှ အောက်တိုဘာလအထိ သြစတြေးလျနိုင်ငံအတွင်း မြို့တော်ကြီးများအားလုံးနှင့် အခြားနေရာများစွာတွင် ရှိပါသည်။

နောက်အဆင့် -

သင့်အချက်အလက်များကို ကာကွယ်ပါ

သင့်ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန် အရေးကြီးသည်။

သင်၏ TFN သည် သင့်ဘဝတစ်လျှောက်လုံး သင်နှင့်အတူ ရှိမည်ဖြစ်သောကြောင့် ၎င်းကို လုံခြုံစွာ သိမ်းထားပါ။ သင်၏အမည် သို့မဟုတ် လိပ်စာ၊ အလုပ်များ ပြောင်းသွားခြင်း၊ ပြည်နယ်ပြောင်းသွားခြင်း သို့မဟုတ် နိုင်ငံရပ်ခြားထွက်သွားလျှင်ပင် TFN တစ်ခုတည်းသာ ရှိပါမည်။

သင်၏ TFN ကို အခြားသူတစ်ယောက်ကို ပေးမသုံးပါနှင့်၊ မိတ်ဆွေ သို့မဟုတ် ဆွေမျိုးများကိုပင် ပေးမသုံးပါနှင့်။ အခြားသူတစ်ယောက်ကို သုံးခွင့်ပြုခြင်း၊ ၎င်းကို ပေးလိုက်ခြင်း သို့မဟုတ် ရောင်းချခြင်းသည် ရာဇဝတ်မှုတစ်ခုဖြစ်သည်။

သင်၏ TFN ကို အောက်ပါတို့ကိုသာ ပေးပါ -

  • သင့်အခွန်မှတ်တမ်းများ ဆွေးနွေးသည့်အခါ ကျွန်ုပ်တို့ကို ပေးပါ
  • သင်အလုပ်စတင်လုပ်သည့်အခါ သင့်အလုပ်ရှင်ကို ပေးပါ သို့သော် အလုပ်လျှောက်လွှာတွင် ထည့်မပေးပါနှင့်။
  • သင်၏ ဘဏ် သို့မဟုတ် အခြားငွေကြေးအဖွဲ့အစည်းများ
  • Services Australia
  • သင်၏မှတ်ပုံတင်ထားသော အခွန်ကိုယ်စားလှယ်
  • သင်၏ သက်ပြည့်အငြိမ်းစားလစာရန်ပုံငွေ
  • Higher Education Loan Program (HELP) ကဲ့သို့ ကျောင်းသားချေးငွေရယူရန် သင်၏အဆင့်မြင့်ပညာရေး ပံ့ပိုးသူ သို့မဟုတ် တက္ကသိုလ်။

သင်၏ TFN ပျောက်ဆုံးသွားသည်၊ ခိုးယူခံရသည် သို့မဟုတ် တလွဲအသုံးပြုခံရသည်ဟု ထင်မြင်လျှင် ယင်းကို ကျွန်ုပ်တို့အား ချက်ချင်းအကြောင်းကြားပါ။

အထောက်အထားများနှင့်ပတ်သက်သည့် ပြစ်မှုကျူးလွန်ခြင်းများကို ကာကွယ်ရန် မည်သူမည်ဝါဖြစ်ကြောင်း ကိုယ်ရေးအချက်အလက် အသေးစိတ်ကို လုံခြုံအောင်သိမ်းထားပါ။ လူများ၏ မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်အချက်အလက်များကို ပြစ်မှုကျူးလွန်ရန်အသုံးပြုသည့်အခါ အထောက်အထားများနှင့်ပတ်သက်သည့် ပြစ်မှုကျူးလွန်မှုများ ဖြစ်ပေါ်တတ်သည်။ မှတ်ထားရန် -

  • သင်၏ myGov သို့မဟုတ် အခြားအွန်လိုင်းစကားဝှက်များကို မည်သူနှင့်မျှ မမျှဝေပါနှင့် - (သင်အခွန်ကိုယ်စားလှယ်တစ်ဦးအသုံးပြုပါက) သင်၏ အခွန်ကိုယ်စားလှယ်က ၎င်းတို့ကို လိုအပ်လျှင်ပင်မမျှဝေပါနှင့်
  • သင်၏ TFN စကားဝှက် သို့မဟုတ် အခြားအထိခိုက်မခံသော အချက်အလက်များကို အီးမေးလ်များတွင် မထည့်ပါနှင့်။

လိမ်ညာသော အီးမေးလ်းများ၊ ဖက်စ်များ၊ စာတိုပေးပို့မှုများနှင့် ဖုန်းခေါ်ဆိုမှုများသည် အလွန်လက်ခံယုံကြည်ချင်စရာ ကောင်းနိုင်သည်။ သတိထားပြီး မည်သူက ဆက်သွယ်သည်ကို သင်မသေချာပါက ကျွန်ုပ်တို့ကို ဆက်သွယ်ပါ သို့မဟုတ် လိမ်ညာမှုတစ်ခုကို စစ်ဆေးရန် သို့မဟုတ် သတင်းပို့ရန်ကို ဝင်ရောက်ကြည့်ရှုပါ။

ဤသည်တို့ကိုလည်း ကြည့်ရှုပါ -

QC63664