ATO logo

ကျွန်ုပ်တို့၏ ပဋိညာဥ်စာတမ်း

Know our commitments to you, what we ask of you and options if you are not satisfied – Burmese translation.

Published 31 August 2026

ဤလမ်းညွှန်တွင်

ကျွန်ုပ်တို့၏ ပဋိညာဥ်စာတမ်း အကြောင်း

ကျွန်ုပ်တို့သည် သြစတြေးလျနိုင်ငံ အခွန်၊ စူပါ လို့ခေါ်သည့် အိုနာစာရန်ပုံငွေ၊ နှင့် စီးပွားလုပ်ငန်း မှတ်ပုံတင် ဝန်ဆောင်မှုများကို စီမံခန့်ခွဲပေးသည်။ ကျွန်ုပ်တို့သည် အစိုးရ ထောက်ပံ့ငွေများကို လူမှုအသိုက်အဝန်းသို့ ဖြန့်ချီပေးခြင်းကိုလည်း ကူညီပံ့ပိုးပေးပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် လူထုလူတန်းစား အခြေခံအုတ်မြစ် ကဲ့သို့သော သြစတြေးလျနိုင်ငံရှိ ကျွန်ုပ်တို့ ကျေနပ်နှစ်သက်နေသည့် လူနေမှုဘဝကို အထောက်အကူပြုပေးနေရန် မရှိမဖြစ် လိုအပ်ပါသည်။

ထိုသို့ဖြစ်ပွားစေရန်အတွက် ကူ၍လုပ်ပေးရန် သင့်တွင် အခန်းကဏ္ဍတစ်ခုရှိပါသည်။ သင်၏ တာဝန်များအရ တစ်ခါတစ်ရံ သင်သည် ကျွန်ုပ်တို့နှင့် လုပ်ဆောင်ရန်လိုအပ်သည်။

သင် ကျွန်ုပ်တို့နှင့် လုပ်ဆောင်သည့်အခါတိုင်း သင်၏လုပ်ဆောင်မှုမှာ လွယ်ကူကာ ပညာရှင်ဆန်ဆန်ဖြစ်ကြောင်း ကျွန်ုပ်တို့ သေချာစေလိုပါသည်။

ဤပဋိညာဥ်စာတမ်းသည် -

  • သင် ကျွန်ုပ်တို့နှင့် ဆက်ဆံသည့်အခါ သင် မျှော်လင့်နိုင်သည့်အရာကို ရှင်းပြထားသည်
  • ကျွန်ုပ်တို့နှင့် လုပ်ဆောင်သည့်လူတိုင်းအပေါ် သက်ဆိုင်သည်
  • ကျွန်ုပ်တို့ နှစ်ဖက်လုံးက လိုက်နာရမည့် ဥပဒေများ၊ ကိုဓဥပဒေများ၊ နှင့် စည်းမျဥ်းကို အခြေခံထားပါသည်။

အကယ်၍ ကျွန်ုပ်တို့ ချမှတ်သည့် ဆုံးဖြတ်ချက်ကို သင် မကျေနပ်ပါက သို့မဟုတ် ကျွန်ုပ်တို့က ပဋိညာဥ်စာတမ်းကို မလိုက်နာခဲ့ပါဟု သင် ယုံကြည်ပါက သင် လုပ်နိုင်သည့် အဆင့်ဆင့်အချက်များလည်း ရှိပါသည်။

ဤစာမျက်နှာရှိ ကျွန်ုပ်တို့၏ ပဋိညာဥ်စာတမ်း (NAT 75579, PDF 283KB)This link will download a file (အင်္ဂလိပ်စာဖြင့်) အချက်အလက်အကြောင်းအရာကို ဒေါင်းလုဒ်ဆွဲယူပါ။

သင့်အပေါ် ကျွန်ုပ်တို့၏ ကတိကဝတ်အာမခံချက်

မျှမျှတတ သင့်တော်စွာ ဆက်ဆံခြင်း

သင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို နှစ်ဖက် ယုံကြည်မှုနှင့် လေးစားမှုအပေါ် အခြေခံထားသည်။ ကျွန်ုပ်တို့ လုပ်သမျှ အရာတိုင်းကို မျှတခြင်း၊ ကျင့်ဝတ်နှင့်ညီညွတ်ခြင်းနှင့် တာဝန်ခံခြင်းအပေါ် ကျွန်ုပ်တို့ အာမခံထားသည်။

ကျွန်ုပ်တို့သည် -

  • သင့်အား ဖော်ရွေမှု၊ ကြင်နာမှုနှင့် လေးစားမှုဖြင့် ဆက်ဆံပါမည်
  • ရိုးသားဖြောင့်မတ်မှုနှင့် ဂုဏ်သိက္ခာရှိမှု (အင်္ဂလိပ်စာဖြင့်) ဖြင့်လုပ်ဆောင်ပါမည်
  • ဘက်မလိုက်ဘဲ သဘောရိုးဖြင့် လုပ်ဆောင်ပါမည်
  • သင့်အား ရိုးသားသူအဖြစ် ဆက်ဆံပါမည် သို့သော် ထိုသို့မဟုတ်ဟု ယူဆရန် အကြောင်းရင်း ကျွန်ုပ်တို့တွင်ရှိပါက သင့်အား ရှင်းလင်းပြရန် အခွင့်အလမ်းပေးပါမည်
  • ပညာရှင် အကြံပေးသူကဲ့သို့ သင့်အားကိုယ်စားပြုပေးရန် သင်ရွေးချယ်ထားသူနှင့် ကျွန်ုပ်တို့ ဆက်ဆံလုပ်ဆောင်ပါမည်။

ပညာရှင် ဝန်ဆောင်မှု

ဥပဒေအရ သင်၏ အခွင့်အရေးများနှင့် တာဝန်များမှာ ရှုပ်ထွေးနိုင်သည်ကို ကျွန်ုပ်တို့ သိပါသည်။ သင့်အခွင့်အရေးများကို သင် နားလည်ရန်နှင့် သင့်တာဝန်များကို သင် ကျေပွန်စေရန်အတွက် အထောက်အကူပြုရန် ကျွန်ုပ်တို့ သင့်အား ယုံကြည်စိတ်ချ၊ ရယူလွယ်ကာ အသုံးဝင်သည့် သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုကို ပေးအပ်သွားရန် ကျွန်ုပ်တို့ မျှော်မှန်းထားပါသည်။

ကျွန်ုပ်တို့သည် -

  • မဆိုင်းမတွ အလိုက်သင့်တုံ့ပြန်မည်ဖြစ်ပြီး ၊ အချိန်နှင့်တစ်ပြေးညီ၊ တိကျပြီး နားလည်ရလွယ်သော သတင်းအချက်အလက်ကို ပေးအပ်ပါမည်
  • သုံးစွဲရလွယ်ကူကာ အားလုံးပါဝင်မည်ဖြစ်သည့် ကျွန်ုပ်တို့၏ ထောက်ပံ့ကြေးများနှင့် ဝန်ဆောင်မှုများကို ပုံဖော်၍ဝန်ဆောင်ပေးရန် လူမှုအသိုက်အဝန်းနှင့် ပူးပေါင်းလုပ်ဆောင်ပါမည်
  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အခြားနည်းအားဖြင့် ပို၍သင့်တော်သည်မှအပ ဒီဂျစ်တဲလ်နည်းအရ ဝန်ဆောင်ပေးပါမည်။

ထောက်ပံ့မှုနှင့် ပံ့ပိုးကူညီမှု

လူများသည် နည်းလမ်းအမျိုးမျိုးနှင့် အချိန်အမျိုးမျိုးတွင် အကူအညီလိုအပ်နိုင်သည်ကို ကျွန်ုပ်တို့ နားလည်ပါသည်။ အကယ်၍ သင်သည် ပျော့ကွက်ဟာကွက်၊ အခက်အခဲ ကြုံတွေ့နေရပါက သို့မဟုတ် ပဋိပက္ခကြောင့် ထိခိုက်ခံနေရနေပါက သင်၏တာဝန်များကို ကျေပွန်စွာလုပ်ဆောင်ရန် ပို၍ခက်ခဲနိုင်သည်ကို ကျွန်ုပ်တို့ သိပါသည်။ ကိစ္စအများစုတွင် သင်၏ တာဝန်များကို ကျွန်ုပ်တို့ ဖယ်ရှားမပေးနိုင်သော်လည်း သင့်တာဝန် သင် ကျေပွန်စွာဆောင်ရွက်ရန် ကျွန်ုပ်တို့ ကူညီပေးနိုင်သော နည်းလမ်းများ ရှိနိုင်ပါသည်။

ကျွန်ုပ်တို့သည် -

  • သင့်အခြေအနေများကို နားထောင်ပြီး ၎င်းအခြေအနေများကို ဖြစ်နိုင်လျှင် ထည့်သွင်းစဥ်းစားပေးပါမည်
  • ပဋိပက္ခ ဖြစ်ပွားနေချိန်အတွင်းနှင့် အခက်အခဲကြုံတွေ့နေစဥ်အတွင်း ထောက်ပံ့ဖေးကူပေးပါမည်
  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို နားလည်ရန် သို့မဟုတ် ရယူသုံးစွဲရန် အကူအညီလိုအပ်ပါက ကူညီပေးပါမည်။

သင့် အချက်အလက် နှင့် ကိုယ်ရေး လုံခြုံမှု

သင့် အချက်အလက်နှင့် မှတ်တမ်းအသေးစိတ် ကာကွယ်ပေးရန်တာဝန်ကို ကျွန်ုပ်တို့ အလွန်အလေးအနက်ထားပါသည်။ ခေတ်သစ် ဒီဂျစ်တဲလ်လောကတွင် သင်၏ကိုယ်ရေးအချက်အလက် လျှို့ဝှက်ထားရှိမှုနှင့် လုံခြုံမှုမှာ မည်မျှအရေးကြီးကြောင်း ကျွန်ုပ်တို့ နားလည်ပါသည်။

ကျွန်ုပ်တို့သည် -

သင့်အား ဆက်လက် အကြောင်းကြားပေးခြင်း

ကျွန်ုပ်တို့သည် သင်နှင့် လူမှုအသိုင်းအဝိုင်းအား ကျွန်ုပ်တို့၏ ဆက်ဆံရေး၌ ပွင်းလင်းမြင်သာပြီး တာဝန်ခံလုပ်ဆောင်ရန် ကတိကဝတ်ပြုထားပါသည်။

ကျွန်ုပ်တို့သည် -

  • ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များကို ရှင်းပြပါမည်
  • စီမံနေသည့်တိုးတက်မှုအဆင့်ကို သင့်အား ဆက်လက် အကြောင်းကြားပေးပါမည်
  • သင့် အခွင့်အရေးများ၊ တာဝန်များနှင့် ပြန်လည်သုံးသပ်မှုလုပ်ရန်နည်းလမ်းများကို ဆက်သွယ်၍ရှင်းပြပေးပါမည်
  • သင့်အချက်အလက်များ (အင်္ဂလိပ်စာဖြင့်) နှင့် ဆုံးဖြတ်ချက်များကို သင့်တော်သလိုချမှတ်ရန် ကျွန်ုပ်တို့အား အထောက်အကူပြုသည့် အချက်အလက်များကို သင့်အား ရယူကြည့်ရှုခွင့်ပြုပါမည်။

သင့်ထံမှ ကျွန်ုပ်တို့ တောင်းဆိုသည့်အရာ

သင့်အခြေအနေများအပေါ် မူတည်၍ ဥပဒေအရ သင့်တွင် တာဝန်အမျိုးမျိုး ရှိပါမည်။

  • ကျွန်ုပ်တို့အား ဖော်ဖော်ရွေရွေ၊ ကြင်ကြင်နာနာနှင့် လေးလေးစားစား ဆက်ဆံရန်။
  • မှန်မှန်ကန်ကန်ပြောဆိုပြီး ဥပဒေဘောင်အတွင်း ပြုမူရန်။
  • ကျွန်ုပ်တို့၏ စုံစမ်းမေးမြန်းမှုများကို အချိန်မီ ဖြေကြားပေးရန်နှင့် သက်ဆိုင်သည့် သတင်းအချက်အလက် အားလုံးကို ကျွန်ုပ်တို့အား တင်ပြပါ။ ကျွန်ုပ်တို့ နားလည်သည်မှာ မှန်ကန်ပြီး လက်ရှိဖြစ်နေကြောင်း သေချာစေရန် ကျွန်ုပ်တို့ သင့်အား မေးခွန်းများမေးနိုင်သည် သို့မဟုတ် အချက်အလက် ပိုမိုတောင်းခံနိုင်ပါသည် (အင်္ဂလိပ်စာဖြင့်)။
  • အကယ်၍ သင့်အား တစ်ဦးဦးက ကိုယ်စားဆောင်ရွက်ပေးနေပါက ကျွန်ုပ်တို့အား အသိပေးပါ။ ကျွန်ုပ်တို့အား တင်ပြသည့်အချက်အလက်များမှာ တိကျမှန်ကန်ကြောင်း သေချာစေရန်အတွက် သင့်တွင် တာဝန်ရှိနေပါသေးသည်။
  • သင်၏ တာဝန်များ (အင်္ဂလိပ်စာဖြင့်) ကိုကျေပွန်အောင်လုပ်ပါ၊ အချိန်မီ အစီရင်ခံစာတင်သွင်းခြင်းနှင့် ကြွေးမြီပြန်ဆပ်ခြင်းတို့အပါအဝင်ဖြစ်သည်။ အကယ်၍ သင် ထိုသို့မလုပ်နိုင်ပါက နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ အစောဆုံး ကျွန်ုပ်တို့အား အသိပေးပါ သို့မှသာ ကျွန်ုပ်တို့ သင့်အား ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။
  • မှတ်တမ်းများကို ကောင်းကောင်းမွန်မွန် သိမ်းဆည်းထားပြီး လိုအပ်သည့်အခါ ကျွန်ုပ်တို့အား တင်ပြပါ။
  • သင်၏ ပင်ကိုယ် အချက်အလက်ကို လုံခြုံအောင် ဂရုတစိုက် သိမ်းဆည်းပါ၊ အကယ်၍ သင်၏ အသေးစိတ်အချက်များ ပြောင်းလဲပါက ကျွန်ုပ်တို့အား အသိပေးပါ။

ဆုံးဖြတ်ချက် တစ်ရပ်ကို ပြန်လည်သုံးသပ်ပေးစေလိုပါက လုပ်နိုင်သည့် အဆင့်ဆင့် အချက်များ

ဆုံးဖြတ်ချက်များတွင် ကျွန်ုပ်တို့ မှားယွင်းခဲ့သည်ဟု သင် ထင်မြင်ယူဆပါက သင်၏ စိုးရိမ်မှုများကို ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန်နှင့် ရိုးရိုးရှင်းရှင်း ဖြေရှင်းပေးရန် ကျွန်ုပ်တို့ သင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ပေးပါမည်။

ကျွန်ုပ်တို့အနေဖြင့် ဥပဒေကို ပြောင်းလဲပေးနိုင်မည် မဟုတ်ပါ။ သို့သော်လည်း သင့်အခြေအနေများအပေါ် ဥပဒေက မည်သို့သက်ရောက်မှုရှိသည်ကို သင် နားလည်ရန် ကူ၍ရှင်းပြပေးနိုင်ပါမည်။

ဥပဒေအရ ပြန်လည်သုံးသပ်မှု အခွင့်အရေးများ (အင်္ဂလိပ်စာဖြင့်) နှင့် မကျေနပ်ချက် တင်သွင်းပုံ အပါအဝင် သင့်အဖို့ ရနိုင်သည့်နည်းလမ်းများကိုလည်း ကျွန်ုပ်တို့ ဖော်ပြပေးပါမည်။

ပထမအဆင့်အဖြစ် သင်၏စိုးရိမ်မှုများကို ကျွန်ုပ်တို့ ဖြေရှင်းပေး နိုင်မနိုင် သိရှိရန် ကျွန်ုပ်တို့နှင့် ဦးစွာ ဆွေးနွေးပါ။ သင်ပြောဆိုနိုင်သည့် သီးခြားဆက်သွယ်ရမည့်သူကို သင့်အား ပေးထားပြီးဖြစ်နိုင်သည်၊ ထိုသို့မပေးထားပါက သင် ကျွန်ုပ်တို့အား ဆက်သွယ်နိုင်သည်(အင်္ဂလိပ်စာဖြင့်)။

သင့်အနေဖြင့် ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များကို မူလ ဆုံးဖြတ်ချက်တွင် မပါဝင်သည့် သီးခြားလွတ်လပ်သော အရာရှိက ပြန်လည်သုံးသပ်ပေးရန်ကိုလည်း သင် တောင်းဆိုနိုင်ပါသည်။

ဤရုံးတွင်း ပြန်လည်သုံးသပ်မှုကို အကယ်၍ သင် မကျေနပ်သေးပါက ပြင်ပ ပြန်လည်သုံးသပ်မှု (အင်္ဂလိပ်စာဖြင့်) အတွက် သင် တောင်းဆိုနိုင်သည်။ အမှုကိစ္စအများစုတွင် ပြင်ပ ပြန်လည်သုံးသပ်မှု မတောင်းဆိုမီ သင့်အနေဖြင့် ကျွန်ုပ်တို့နှင့်ရုံးတွင်းပြန်လည်သုံးသပ်မှုကို တောင်းဆိုရန်လိုအပ်ပြီး ရလဒ်အဖြေကို မကျေနပ်ခဲ့ရမည်ဖြစ်သည်။

သင် ကန့်ကွက်နေသည့် ဆုံးဖြတ်ချက် အမျိုးအစားအပေါ် မူတည်၍ တရားရုံးများ သို့မဟုတ် ခုံရုံးများကဲ့သို့ ပြင်ပ ပြန်လည်သုံးသပ်မှုနည်းလမ်းအမျိုးမျိုး သင့်အတွက် ရရှိနိုင်ကောင်း ရရှိနိုင်သည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို သင် မကျေနပ်ပါက လုပ်နိုင်သည့် အဆင့်ဆင့် အချက်များ

သင် မကျေနပ်သည့်အခါ ကျွန်ုပ်တို့ သိရန်အရေးကြီးပါသည် သို့မှသာ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ဆက်လက် တိုးမြှင့်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

သင် မျှော်လင့်ထားသလို ကျွန်ုပ်တို့ မလုပ်ပေးခဲ့ပါက သို့မဟုတ် ကျွန်ုပ်တို့၏ ပဋိညာဥ်ကို ကျွန်ုပ်တို့ မလိုက်ခဲ့ဟု သင် ထင်မြင်ပါက သင် လုပ်နိုင်သည့် အဆင့်ဆင့်အချက် အများအပြား ရှိပါသည်-

  1. ပထမအဆင့်အဖြစ် သင့်ပြဿနာကို ကြိုးစားဖြေရှင်းပေးမည်ဖြစ်သည့် ATO အရာရှိတစ်ဦးနှင့် သင့်စိုးရိမ်မှုများကို ဆွေးနွေးပါ။ သင်ပြောဆိုနိုင်သည့် သီးခြားဆက်သွယ်ရမည့်သူကို သင့်အား ပေးထားပြီးဖြစ်နိုင်သည်၊ ထိုသို့မပေးထားပါက သင် ကျွန်ုပ်တို့အား ဆက်သွယ်နိုင်သည် (အင်္ဂလိပ်စာဖြင့်)။
  2. အကယ်၍ သင် မကျေနပ်ပါက မန်နေဂျာတစ်ဦးနှင့် စကားပြောဆိုရန် တောင်းဆိုနိုင်သည်။
  3. အကယ်၍ သင့်စိုးရိမ်မှုများကို ဖြေရှင်းမပေးနိုင်သေးပါက ကျွန်ုပ်တို့၏ လုပ်ငန်းစဥ်များ ပိုတိုးတက်ကောင်းမွန်စေရန် သို့မဟုတ် သင် မှတ်ချက်ပေးနိုင်ပါသည် (အင်္ဂလိပ်စာဖြင့်) တရားဝင် မကျေနပ်ချက် တစ်စောင် တင်သွင်းရန် (အင်္ဂလိပ်စာဖြင့်)။

ကျွန်ုပ်တို့သည် မကျေနပ်ချက် အားလုံးကို အလေးအနက်ထားပြီး မြန်မြန်ဆန်ဆန်နှင့် မျှမျှတတ ဖြေရှင်းပေးရန် မျှော်မှန်းထားပါသည်။

မကျေနပ်ချက် တိုင်တန်းခြင်းကြောင့် ကျွန်ုပ်တို့နှင့်သင်၏ ဆက်ဆံရေးကို ထိခိုက်မည် မဟုတ်ပါ။

ကျွန်ုပ်တို့ဆီ မကျေနပ်ချက် တင်သွင်းပြီးနောက် သင် မကျေနပ်ပါက သင် အခွန် အွန်ဘတ်စ်မင်External Link (Tax Ombudsman) ကို သီးခြားလွတ်လပ်သော စုံးစမ်းစစ်ဆေးမှုအတွက် ဆက်သွယ်နိုင်ပါသည်။

အောက်ပါကိစ္စများ၌ ကျွန်ုပ်တို့ဆီမှ သင် လျော်ကြေးရရန်လည်း လျှောက်ထား (အင်္ဂလိပ်စာဖြင့်) နိုင်ပါသည်-

  • ကျွန်ုပ်တို့၏ လုပ်ရပ်များမှာ ဥပဒေအရ တာဝန် မကင်းဟု အကယ်၍ သင် ယုံကြည်လျှင်
  • ကျွန်ုပ်တို့၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် သင့်တွင် ငွေရေးကြေးရေး ဆုံးရှုံးမှု ပေါ်ပေါက်လျှင် တို့ဖြစ်ပါသည်။

ကျွန်ုပ်တို့အား ဆက်သွယ်ပုံ

သင့်အပေါ် ကျွန်ုပ်တို့၏ ကတိကဝတ် တစ်မျိုးမျိုး သို့မဟုတ် သင့်အား ကျွန်ုပ်တို့မေးမြန်းသည့်အရာနှင့်ပတ်သက်၍ မေးရန်မေးခွန်းများ သို့မဟုတ် စိုးရိမ်မှုများ ရှိပါက ကျွန်ုပ်တို့ကို ဆက်သွယ်ပါ (အင်္ဂလိပ်စာဖြင့်) သို့မဟုတ် ပညာရှင် အကြံပေးတစ်ဦးကို ဆက်သွယ်ပါ။

အထောက်အကူပြုသည့် ဥပဒေပြဌာန်းချက် လမ်းညွှန်

လမ်းညွှန် (အင်္ဂလိပ်စာဖြင့်) သည် ကျွန်ုပ်တို့၏ ပဋိညာဥ်ကို ကျွန်ုပ်တို့၏ ကတိကဝတ်နှင့်သက်ဆိုင်သည့် အဓိကကျသော ဥပဒေပြဌာန်းချက်၏ ခြုံငြုံသုံးသပ်ချက်ကို ညွှန်ပြပေးခြင်းအားဖြင့် ပံ့ပိုးပေးပါသည်။

QC107964